ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်ခံရ

Your browser doesn’t support HTML5

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြို့သာမြို့မှာလည်း စစ်ကောင်စီ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့လည်း သိရပါတယ်။