ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ခရီးသည်တင်ကား ပစ်ခတ်ခံရမှု ၂ ဦးသေဆုံး

Your browser doesn’t support HTML5

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဒီသီတင်းပတ်အစောပိုင်း ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး တနင်္ဂနွေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။