သမ္မတဂျက်ဖာဆင် လက်မှတ်ပါစာရွက်သိမ်း စာကြည့်တိုက် ရေဘေးသင့်

Your browser doesn’t support HTML5

နယူးယောက်မြို့ Suffolk မြို့နယ် Long Island အရပ်မှာ မုန်တိုင်းကြောင့် မိုးရေချိန် ၁၁ လက်မနီးပါးရွာချခဲ့လို့ ရှေးဟောင်းစာရွတ်စာတမ်းတွေ သိမ်းဆည်းထားတဲ့ စာကြည့်တိုက် ဆိုးဆိုးရွားရွား ပျက်ဆီးပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး ဆုံးရှုံးခဲ့ရပါတယ်။

သမ္မတဂျက်ဖာဆင် လက်မှတ်ပါစာရွတ်သိမ်း စာကြည့်တိုက် ရေဘေးသင့်

နယူးယောက်မြို့ Suffolk မြို့နယ် Long Island အရပ်မှာ မုန်တိုင်းကြောင့် မိုးရေချိန် ၁၁ လက်မနီးပါးရွာချခဲ့လို့ ရှေးဟောင်းစာရွတ်စာတမ်းတွေ သိမ်းဆည်းထားတဲ့ စာကြည့်တိုက် ဆိုးဆိုးရွားရွား ပျက်ဆီးပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး ဆုံးရှုံးခဲ့ရပါတယ်။ ဒီရေဘေးသင့်ခဲ့တဲ့ Smithtown စမစ်တောင်း စာကြည့်တိုက်မှာက အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ဦးဆောင် ရေးသားခဲ့သူလည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တတိယမြောက် သမ္မတ သောမတ်စ် ဂျက်ဖာဆင် လက်မှတ်ထိုး စာရွတ်စာတမ်းတွေ အပါအဝင် အမေရိကန်သမိုင်းကို မှတ်တမ်းတင်ထားတဲ့ Richard H. Handley Collection of Long Island Americana စုစည်းမှုကို သိမ်းဆည်းထားတာ ဖြစ်ပါတယ်။