အမေရိကန်ရွေးကောက်ပွဲနဲ့ ယူကရိန်းစစ်ပွဲအနာဂတ်

Your browser doesn’t support HTML5

အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း Donald Trump သာ အနိုင်ရခဲ့ရင် ရုရှားကို အနုနည်းနဲ့ ချဉ်းကပ်လိမ့်မယ်လို့ ထင်နေကြသလို တချို့ကလည်း ဒီမိုကရက်ကိုယ်စားလှယ်လောင်း Kamala Harris အနိုင်ရခဲ့ရင် ယူကရိန်းကိုပေးနေတဲ့ အကူအညီတွေ နှောင့်နှေး ကြန့်ကြာနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

အမေရိကန်ရွေးကောက်ပွဲရလဒ်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ပေးစေလိမ့်မယ်လို့ ယူကရိန်းနိုင်ငံသား အများအပြားက မျှော်လင့်နေကြပါတယ်။ တချို့ကတော့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း Donald Trump သာ အနိုင်ရခဲ့ရင် ရုရှားကို အနုနည်းနဲ့ ချဉ်းကပ်လိမ့်မယ်လို့ ထင်နေကြသလို တချို့ကလည်း လက်ရှိ အစိုးရလက်ထက်မှာ ယူကရိန်းကို သိသိသာသာ ကူညီပေးနေပေမယ့် ဒီမိုကရက်ကိုယ်စားလှယ်လောင်း Kamala Harris အနိုင်ရခဲ့ရင် သူတို့ကိုပေးနေတဲ့ အကူအညီတွေ နှောင့်နှေး ကြန့်ကြာနိုင်တယ်ဆိုပြီး စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း Kyiv မြို့ကနေ Anna Chernikova သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။​