သေဆုံးမှုတွေရှိတဲ့ မြန်မာနိုင်ငံတဝန်း ရေကြီးမှု

Your browser doesn’t support HTML5

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေကြီးနေမှုအတွင်း သေဆုံးသူ ၂၀ ယောက်ထက်မနည်းရှိသွားပြီလို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ လောလောဆယ်အထိ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ၁၇ ယောက်၊ ပျော်ဘွယ်မှာ ၃ ယောက် သေဆုံးတယ်လို့ မီးသတ်တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။