နေပြည်တော် တပ်ကုန်းမှာ ရေဘေးဒုက္ခသည် ၁၅၀ ခန့် အစာအဆိပ်သင့်

Your browser doesn’t support HTML5

ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ အပါအဝင် ဖြစ်ခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ကလေးငယ်တွေ အပါအဝင်  ရေဘေးဒုက္ခသည် ၁၅၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စေတနာ့ရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေကို စားမိရာက အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။