လက်ဘနွန်က Hezbollah အဖွဲ့ကို စစ်မျက်နှာသစ်ဖွင့်ပြီး အစ္စရေးတိုက်ခိုက်

Your browser doesn’t support HTML5

လက်ဘနွန်နိုင်ငံတောင်ပိုင်းက လက်နက်တိုက်အပါအဝင် Hezbollah စစ်သွေးကြွအဖွဲ့ရဲ့ နေရာ ၇ ခုကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ Hezbollah အဖွဲ့အပေါ် စစ်မျက်နှာသစ်ဖွင့်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်မှာ ခုလိုတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။