လက်ဘနွန်နိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၃၅၆ ဦး ထက်မနည်းသေဆုံး

Your browser doesn’t support HTML5

လက်ဘနွန်နိုင်ငံတွင်း ဟက်စ်ဘိုလာစစ်သွေးကြွတွေကို အစ္စရေးက စစ်ဆင်ရာမှာ တနင်္လာနေ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅၆ ယောက် ထက်မနည်းသေဆုံးပြီး ၁,၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပစ်မှတ် ၈၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။