မြန်မာကို ဂျက်လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်ပို့မှုမလုပ်ဖို့ QUAD တိုက်တွန်း

Your browser doesn’t support HTML5

မြန်မာနိုင်ငံကို ဂျက်လောင်စာဆီအပါအဝင် လက်နက်တင်ပို့မှုတွေမလုပ်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဆုံးသတ်ခဲ့တဲ့ အမေရိကန်အပါ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲ မြန်မာ့အရေးကိုပါ ထည့်သွင်းထုတ်ပြန်ထားတာပါ။