အစ္စရေးလေကြောင်းတိုက်ခိုက်မှု လက်ဘနွန်မှာ သေဆုံးသူ ၅၅၈ ဦးအထိရှိလာ

Your browser doesn’t support HTML5

အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာစစ်သွေးကြွပစ်မှတ်တွေကို အင်္ဂါနေ့မှာ ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့်, တနင်္လာနေ့ကတည်းကဆိုရင်‌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၅၈ ဦး အထိ ရှိသွားပြီး လူ ၁,၈၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နေရာပေါင်း ၁,၅၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။