လိင်တူစုံမက်သူချင်း လက်ထပ်ခွင့်ဥပဒေ ထိုင်းဘုရင်လက်မှတ်ထိုးအတည်ပြု
Your browser doesn’t support HTML5
ထိုင်းနိုင်ငံတွင်း လိင်တူတွေ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ဥပဒေကြမ်းဟာ အင်္ဂါနေ့က တရားဝင်ဥပဒေအတည်ဖြစ်လာပြီး လာမယ့် ဇန်နဝါရီလကစလို့ လိင်တူစုံမက်သူတွေ တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရှိတော့မှာပါ။ ဒီ ဥပဒေကြမ်းကို ထိုင်းဘုရင် မဟာဝိဇိယ လောင်ကွမ်းကအတည်ပြပြီးနောက် ရက် ၁၂၀ အတွင်း ဥပဒေအသက်ဝင်မှာဖြစ်ပါတယ်။