ကလောမြို့မှာ ရွှံ့နွံတွေ အဓိက ရှင်းနေရဆဲ

Your browser doesn’t support HTML5

ရာဂီ မုန်တိုင်းကြောင့် ရေကြီးမြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာ ၁၀ ရက်ကျော် ကြာလာချိန်အထိ ရွှံ့နွံရှင်းလင်းရေး ဦးစားပေး ဆောင်ရွက်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မြို့ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။