သံတွဲမြို့ ဗုံးကြဲခံရမှု ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ သေဆုံး

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောပါတယ်။