မြဝတီအနီး စစ်ကောင်စီ အမြောက်တပ်စခန်းမှာ တိုက်ပွဲဖြစ်ပွား

Your browser doesn’t support HTML5

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရှိရာ နေရာကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။