မြောက်ကိုရီးယားက ခိုလှုံချင်သူတွေ တရုတ်မှာပြေးစရာမြေမရှိ

Your browser doesn’t support HTML5

မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုံသူတွေကို တရုတ်နယ်စပ်မှာ တိုးတက်တဲ့ နည်းပညာတွေနဲ့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာမို့ ထွက်ပြေးခိုလှုံသူတွေဟာ တခြားနိုင်ငံတွေဆီ ခိုလှုံဖို့ အခက်တွေ့နေကြရပါတယ်။ ဒီလို ထွက်ပြေးဝင်ရောက်လာသူတွေကို တရုတ်ရဲတွေက ဖမ်းဆီးမိခဲ့မယ်ဆိုရင် သူတို့နေရပ်ပြန်ပို့တာ ဖြစ်ပါတယ်။