မုန်တိုင်းသင့်ဒေသ အမေရိကန်သမ္မတ သွားရောက်ကြည့်ရှုမည်

Your browser doesn’t support HTML5

မုန်တိုင်းကြောင့် ပိတ်မိနေသူတွေ ရှိရာ အကူအညီတွေ အရောက်ပို့ဆောင်တာ၊ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးတွေ ပြန်ရအောင် အရေးပေါ် လုပ်သားတွေ မနားတမ်း ဆက်လက် လုပ်ကိုင်နေကြချိန်မှာပဲ မုန်တိုင်းသင့် ဒေသတွေအတွက် အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးနေပါတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာပါ။