မြောက်ကိုရီးယားအန္တရာယ် လက်တွဲရင်ဆိုင်ဖို့ တောင်ကိုရီးယားနဲ့ဂျပန် သဘောတူ

Your browser doesn’t support HTML5

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အတူတကွ လက်တွဲတွန်းလှန်ဖို့လိုအပ်ကြောင်း တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် Shigeru Ishiba တို့နှစ်ဦး ပထမဆုံး တယ်လီဖုံးနဲ့ဆက်သွယ်ပြောဆိုချိန်မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။