ဂါဇာနဲ့ လက်ဘနွန်မှာ အပစ်ရပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

Your browser doesn’t support HTML5

ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ဆီးရီးယားက မဟာမိတ်တွေ ဆွေးနွေးရာမှာ အပစ်ရပ်ရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဒမတ်စကတ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။