မုံရွာသန်းခေါင်းစာရင်း ကောက်ယူမှု အခြေအနေ

Your browser doesn’t support HTML5

မုံရွာမြို့က မြို့ပေါ်ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး သန်းခေါင်စာရင်း လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ထဲမှာ အမျိုးသမီး၊ အမျိုးသားနဲ့ လက်နက်ကိုင်ဆောင်ထားသူ စုစုပေါင်း ၁၅ ယောက်ထက်မနည်း ပါဝင်တယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။