တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မယ် ရာဖဲလ်နဒါးလ်

Your browser doesn’t support HTML5

စပိန်နိုင်ငံက ကမ္ဘာကျော်တင်းနစ်ကစားသမား ရာဖဲလ်နဒါးလ် တင်းနစ်ကစားတာကနေ အနားယူတော့မယ်လို့ ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဒီနှစ်ကျင်းပမယ့် Davis ဖလား တင်းနစ်ပြိုင်ပွဲအပြီးမှာ တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သူက ပြောပါတယ်။