မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ ဒေါ်လာ ၉ သန်းပေးဖို့ သြစတြေးလျကြေညာ

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် စာနာမှု အကူအညီအဖြစ် ဒေါ်လာ ၉ သန်း ထောက်ပံ့ဖို့ သြစတြေးလျနိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အခုနောက်ဆုံး အကူအညီနဲ့ပါဆိုရင် သြစတြေးလျက စာနာမှုအထောက်အပံ့ စုစုပေါင်း ဒေါ်လာသန်း ၈၈၀ ရှိပြီလို့လည်း ပြောပါတယ်။