မုန်တိုင်းကယ်ဆယ်ရေးနဲ့ သတင်းမှားဖြန့်ဝေသူများ

Your browser doesn’t support HTML5

အမေရိကန်သမ္မတ Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က Milton ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်ခဲ့ရာ ဒေသကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ ဒေသခံတွေ လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျံဝက်ကျော် ချမှတ်ပေးမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဘိုင်ဒန်အစိုးရအနေနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနေတဲ့ကြားမှာပဲ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မမှန်သတင်းတွေလည်း လျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။