လက်နက်ကိုင် တောင်းဆိုမှု လိုက်လျောမှာမဟုတ် − စစ်ကောင်စီအကြီးအကဲ

Your browser doesn’t support HTML5

လက်နက်ကိုင် နည်းလမ်းနဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်သလို၊ စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ လိုအပ်တာတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာ ထပ်မံ အသိပေးလိုတဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။