အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ မြို့တော်ဝန် အပါအဝင် အနည်းဆုံး ၅ ဦးသေဆုံး

Your browser doesn’t support HTML5

လက်ဘနွန်တောင်ပိုင်း Nabatieh မှာ ဒီကနေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ Nabatieh မြို့တော်ဝန်လည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။