စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မောင်တောမှာ အနည်းဆုံး ရွာသား ၅ ဦး သေဆုံး

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ဖားဝပ်ချောင်းကျေးရွာကို ဒီကနေ့ မနက်ပိုင်း ၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၅ဦးထက်မနည်း သေဆုံးပြီး ရွာသားတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။