တရုတ်နယ်စပ်ပိတ် မြန်မာဘက်ဒေသခံတွေ အခက်ကြုံ
Your browser doesn’t support HTML5
တရုတ်−မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာဘက်ကို ကုန်ပစ္စည်းတွေ မပို့ဖို့ တရုတ်က ကန့်သတ်ထားတာ အခုဆိုရင် သီတင်း နှစ်ပတ်နီးပါး ရှိနေပါပြီ။ မူဆယ် တနေရာမှာပဲ လူ အဝင်အထွက်နဲ့ စားသောက်ကုန် တချို့ကို သယ်ယူ သွားလာခွင့် ပေးထားပြီး စစ်ဆေး တင်းကျပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။