၄ လက်မပတ်လည် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု
Your browser doesn’t support HTML5
အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စူးစမ်းနေကြတဲ့ ဂျပန်သိပ္ပံပညာရှင်တွေဟာ တာရှည်ခံသစ်သားနဲ့ ဂြိုဟ်တုသေးလေးတည်ဆောက်ပြီး အမေရိကန်ပြည်ထောင်စု နာဆာရဲ့ ကနေဒီ အာကာသစခန်းကနေ အာကာသထဲကို ၂၀၂၄၊ နိုဝင်ဘာလ ၄ ရက်နေ့က ဒုံးပျံယာဉ်ထဲထည့် လွှတ်တင်လိုက်ကြပါတယ်။ ဂျပန်ရိုးရာနည်းနဲ့ တည်ဆောက်ထားပြီး မူလီတွေနဲ့ စုပ်မထားတဲ့ အလျားအနံ ၄ လက်မနဲ့ ဒီသစ်သားဂြိုဟ်တုလေးဟာ လပေါ်နဲ့ အင်္ဂါဂြိုဟ်ပေါ် သစ်သားယာဉ်လွှတ်တင်ဖို့ အစပျိုးစမ်းသပ်မှု ဖြစ်ပါတယ်။