မာလာဝီနိုင်ငံအတွက် စားနပ်ရိက္ခာအကူအညီ

Your browser doesn’t support HTML5

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အကူအညီနဲ့ ယူကရိန်းက တင်ပို့တဲ့ ပြောင်းဆန် တန်ချိန် ၁၉,၀၀၀ ကျော်ဟာ ပထမ အသုတ် အနေနဲ့ မာလာဝီ နိုင်ငံကို ရောက်ရှိသွားပါပြီ။ အခု စားနပ်ရိက္ခာ အကူအညီဟာဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ သန်းနဲ့ချီတဲ့ မာလာဝီ ပြည်သူတွေ အတွက် အထောက်အပံ့ ဖြစ်စေမှာပါ။ အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် မိုးခေါင်ရေရှားမှု ဖြစ်ပြီး စားနပ်ရိက္ခာ မလုံလောက်မှုကို ပိုပြီး ဆိုးရွားသွားစေတာ ဖြစ်ပါတယ်။ မာလာဝီ နိုင်ငံ Blantyre မြို့ကနေ Lameck Masina ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပါမယ်။