ထရမ့် ဘာကြောင့် ရွေးကောက်ပွဲ နိုင်သလဲ (သုံးသပ်ချက်)
Your browser doesn’t support HTML5
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း မဲဆန္ဒနယ်တော်တော်များများ အမျိုးသမီး အမျိုးသားတွေနဲ့ လက်တင်အမေရိကတိုက်က ပြောင်းလာသူတွေ အပါအဝင် လူမျိုးပေါင်းစုံရဲ့ ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။ VOA သတင်းထောက် Dora Mekouar က Trump ဘာကြောင့် ရွေးကောက်ပွဲ နိုင်သလဲ သုံးသပ်ချက်တချို့ကို စုစည်းတင်ပြထားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။