ရေဘေးနောက်ဆက်တွဲ ဒဏ်သင့် ကရာချီမြို့
Your browser doesn’t support HTML5
၂၀၂၂ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် လူပေါင်း ၃၃ သန်း ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လူပေါင်း ရှစ်သန်းလောက်က အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုကတော့ အလုပ်ရှာဖို့ မြို့ပြတွေဆီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချီကတော့ ဒီလို ဥတုရာသီဖောက်ပြန်မှုကြောင့်ပြောင်းရွှေ့လာကြသူတွေ မရောက်လာခင်ကတည်းက လူဦးရေ ထူထပ်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ မြို့ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောထားပါတယ်။