ရှမ်းပြည်နယ် ကုန်စည်တင်ပို့မှုလမ်းကြောင်းတွေ စစ်ကောင်စီပိတ်ပင်

Your browser doesn’t support HTML5

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်အတွက် အဓိက ကုန်စည်တင်ပို့နေတဲ့လမ်းကြောင်းတွေကို စစ် ကောင်စီက ဒီရက်ပိုင်းမှာပဲ ဆက်တိုက်ဆိုသလို ပိတ်လိုက်ပါတယ်။ ရပ်စောက် - ကျောက်ဂူလမ်းကို မနေ့က ပိတ်လိုက်ပြီး ဒီကနေ့မှာတော့ တောင်ကြီး - လွိုင်လင်- လဲချားလမ်းကိုပါ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။