MoU နဲ့ ပြည်ပအလုပ်ထွက်လုပ်သူ  မြန်မာတွေ စစ်မှုထမ်းဖို့လိုရင်ပြန်လာဖို့ စစ်ကောင်စီဖိအားပေး

Your browser doesn’t support HTML5

ပြည်ပကို နှစ်နိုင်ငံသဘောတူညီမှု အလုပ်သမားစာချုပ် ဒါမှမဟုတ် MoU စနစ်အောက်ကသွားတဲ့ အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့လိုအပ်တယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တာနဲ့ နေရပ်ပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတဲ့ သဘောတူညီမှုကို အလုပ်သမားစာချုပ်မှာ အသစ်ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။