ရုရှားကျူးကျော်စစ်ပွဲ ရက်ပေါင်း ၁,၀၀၀
Your browser doesn’t support HTML5
ရုရှားက ယူကရိန်းကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းနဲ့ ကျူးကျော်စစ်ထိုးခဲ့တာ ရက်ပေါင်း ၁,၀၀၀ ပြည့်သွားပြီဖြစ်ပြီး ငြိမ်းချမ်းရေးအရိပ်အယောင် မမြင်ရသေးပါဘူး။ နိုင်ငံလူဦးရေရဲ့ လေးပုံတပုံလောက် လျော့ကျခဲ့ရပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံအနှံ့ နေရာလပ်မကျန် စစ်ဘေးသင့်နေဆဲ ဖြစ်ပြီး ပြည်သူတွေအဖို့ စိတ်အေးအေး မအိပ်နိုင်တဲ့နေရက်တွေ ကြုံနေရဆဲ ဖြစ်ပါတယ်။