မြန်မာစစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ ကုလအထူးကိုယ်စားလှယ်ဟောင်းလိုလား

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေကို နေရပ်ရင်းကနေ အတင်းအကြပ်မောင်းထုတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြောင်းစွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့လျှောက်ထားချက် ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း အာဂျင်တီနားလူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကိုပြောပါတယ်။