အိန္ဒိယလုံခြုံရေး ညီလာခံမှာ မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေအရေး ဦးစားပေး ဆွေးနွေးမည်

Your browser doesn’t support HTML5

အိန္ဒိယမှာ ဒီကနေ့ စတင်ပြီး ၃ ရက်ကြာမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ ဖြစ်နေတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားနေတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။