တရုတ်ရိုးရာ သစ်သားတံတားများ ယူနက်စကို ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်

Your browser doesn’t support HTML5

တရုတ်ပြည်က ရိုးရာ သစ်သားတံတား ဒီဇိုင်းပုံတွေနဲ့ ဆောက်လုပ်နည်းတွေကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲကို ၂၀၂၄၊ ဒီဇင်ဘာ ၅ ရက်နေ့ကပဲ ထည့်သွင်းလိုက်ပါတယ်။ ပါရာဂွေးနိုင်ငံ အက်ဆန်စီယွန်မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အစိုးရများ နှီးနှောဖလှယ်ပွဲမှာ အခုလို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲ ပြန်ထည့်သွင်းလိုက်တာပါ။