ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဖို့ ကြိုးစားတဲ့ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး ကို AA အသေဖမ်းမိ

Your browser doesn’t support HTML5

စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာလ ၁၇ရက်နေ့ နေ့လည်ပိုင်းက မောင်တောမြို့ ရွှေဇားကပ္ပကောင်းချောင်းအနီးမှာ အသေဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်AAက သတင်းထုတ်ပြန်ပါတယ်။