ရက်စက်တဲ့လှိုင်းများ– မြန်မာရွှေ့ပြောင်းများမေ့မရသော ဆူနာမီ

Your browser doesn’t support HTML5

ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ဟာ အိန္ဒိယသမုဒ္ဒရာတွင်းဆူနာမီရေလှိုင်း ကျရောက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဆူနာမီကြောင့် နိုင်ငံပေါင်း (၁၄ )နိုင်ငံ မှလူပေါင်း (၂၂၀ ၀၀၀ )ကျော် သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတော့ “ ဒီအဖြစ်ဆိုးမှာ မေ့ပျောက်ခံရသူများ” လို ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်ဆိုးကို ယနေ့ထက်တိုင်အောက်မေ့အမှတ်ရပြီး ပျောက်ဆုံးသွားတဲ့ မိသားစုတွေအတွက် လွမ်းဆွမ်းကြေကွဲနေရတဲ့ မြန်မာလူမျိုးတွေ ရှိနေဆဲပါ။