"မြန်မာစစ်ကောင်စီရော AA နဲ့ပါ ဆက်ဆံမှုရှိ" ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ

Your browser doesn’t support HTML5

မြန်မာစစ်ကောင်စီနဲ့ရော၊ အာရက္ခ တပ်တော် AAနဲ့ပါ ထိတွေ့ဆက်ဆံမှု ရှိတယ်လို့ ပါမောက္ခ ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရ က တနင်္လာနေ့မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ် ၂၇၁ ကီလိုမီတာ ရှိပြီး၊ နယ်စပ်တခုလုံးကို အာရက္ခ တပ်တော်က ထိန်းချုပ်ထားနိုင်တာပါ။