ပင်လယ်ပျော်ဘဝကို စွန့်လွှတ်ရတဲ့ ဆလုံလူမျိုးများ

Your browser doesn’t support HTML5

ဆလုံလူမျိုးစုတွေက ရေလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ အခုအခါမှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပင်လယ်ပျော် ဌာနေတိုင်းရင်းသားတွေက ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ သူတို့ရဲ့ ပင်လယ်ပျော်ဘဝကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြရပါတယ်။ ဆလုံလူမျိုးစုတွေက ပင်လယ်ထဲ ခြေသလုံးအိမ်တိုင်ဘဝနဲ့ နေကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရပေမဲ့ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ မြေယာပိုင်ဆိုင်မှုတွေ…. အာမခံပေးနိုင်တဲ့ ဥပဒတွေကို တောင်းဆိုနေကြပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးမှာပါ။