အခက်အခဲတွေကြား မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်မည် (အမေရိကန် သံရုံးအကြီးအကဲ)

အမေရိကန် သံရုံးအကြီးအကဲ Susan Stevenson ရဲ့ နှစ်သစ်ဆုမွန် ၂၀၂၅။

နှစ်ဟောင်းကုန်ဆုံးတဲ့နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းပျော်ရွှင်ပြီး သာယာ ဝပြောပါစေကြောင်း အမေရိကန် သံရုံးအကြီးအကဲ Susan Stevenson က ဆုမွန်ကောင်း တောင်းထားပါတယ်။⁣

နှစ်သစ်မှာ ၂၀၂၄ ခုနှစ်ကို ပြန်လည်သုံးသပ်ဖို့အခွင့်အရေးရပြီး ရှေ့ဆက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်ခွင့်ရရှိတဲ့အကြောင်း Susan Stevenson က ပြောဆိုထားပါတယ်။⁣

ဒီလိုအခက်အခဲတွေကြုံနေရချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ရင်း ပညာရေးအခွင့်အလမ်းတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ပေးအပ်နေကြောင်း ဆုမွန်ကောင်းတောင်းတဲ့ ဗွီဒီယိုမှာ ပြောထားပါတယ်။⁣

Your browser doesn’t support HTML5

အခက်အခဲတွေကြား မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်မည်  (အမေရိကန် သံရုံးအကြီးအကဲ)