ဝန်ကြီး Rubio ရဲ့လက်တင်အမေရိကငါးနိုင်ငံ နောက်ဆုံးခရီးစဉ် ဒိုမီနီကန်နိုင်ငံရောက်မည်

Your browser doesn’t support HTML5

လက်တင်အမေရိကနိုင်ငံတွေကိုသွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့မှာတော့ ဒိုမီနီကန်နိုင်ငံခေါင်းဆောင်တွေနဲ့  တွေ့ဆုံဆွေးနွေးဖို့ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံကို ရောက်နေပါတယ်။ ဒါဟာ ဝန်ကြီး Rubio အတွက် သူရဲ့လက်တင်အမေရိကနိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်တဲ့နိုင်ငံဖြစ်ပါတယ်။