မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ -
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အကြောင်းအရင်းမှာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူးလွန်မှုသက်သေအခိုင်အမာရှိနေတာကြောင့်ဖြစ်တယ်လို့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို အဓိကပစ်မှတ်ထား ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံးအမိန့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာအကျိုးဆောင်ရှေ့နေလည်းဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ Tomas Quintana ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ
Your browser doesn’t support HTML5
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အကြောင်းမှာ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူးလွန်မှု သက်သေအခိုင်အမာရှိတာကြောင့်လို့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ ရှေ့နေ Quintana ကို မအင်ကြင်းနိုင် မေးမြန်းထားပါတယ်။