အစ္စရေးဓားစာခံအလောင်း ၄ လောင်း Hamas ပြန်ပေး

Your browser doesn’t support HTML5

ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းကို Hamas စစ်သွေးကြွအဖွဲ့က အစ္စရေးကို ဒီနေ့ ပြန်ပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ Red Cross လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။