ကျားဖြန့်ဂိုဏ်းကလွတ်လာသူ ထောင်နဲ့ချီ BGF နယ်မြေမှာသောင်တင်
Your browser doesn’t support HTML5
ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းပြီး မနေ့ကအထိ နိုင်ငံခြားသား ၆,၀၀၀ ကျော်ကို ဖမ်းထားကြောင်းနဲ့ နေရပ်ပြန်ပို့ရေးမှာ လူတွေပြည့်သိပ်နေတဲ့အတွက် ဆက်လက် ထိန်းသိမ်းထားဖို့ အခက်အခဲရှိကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က VOA ကို ပြောပါတယ်။