မျက်မမြင်အရေး ရှေ့တန်းက ဆောင်ရွက်နေသူ

Your browser doesn’t support HTML5

Ph.D ဘွဲ့ရတဲ့အထိ ပညာကို ဆက်သင်ချင်သလို မျက်မမြင်တွေနဲ့ မသန်စွမ်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်နဲ့ မဟာတန်း တက်နေတဲ့ မယမင်းဥမ္မာ က ပြောပါတယ်။ အမေရိကန်အစိုးရက နိုင်ငံတကာ အကူအညီတွေ ယာယီ ရပ်ဆိုင်းလိုက်ချိန်မှာ မြန်မာကျောင်းသူ ကျောင်းသားတွေကို ပေးတဲ့ လင်ကွန်းပညာသင်ဆုလည်း ရပ်သွားတာကြောင့် လက်ရှိ မဟာတန်း ရပ်ပစ်ရမယ့် အခြေအနေ ကြုံနေရပေမဲ့ သူကတော့ ရတဲ့နည်းနဲ့ ဘွဲ့ရတဲ့အထိ စာ ဆက်သင်နိုင်ဖို့ ကြိုးစားနေပါတယ်။ မျက်မမြင်ဘဝနဲ့ ပညာတတ်ဖြစ်အောင် ကြိုးပမ်းခဲ့သလို၊ အများအကျိုးပြု လုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ မယမင်းဥမ္မာကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။