ဥရောပ အထူးကုန်သွယ်မှုအခွင့်အရေးနဲ့ မြန်မာစီးပွားရေး

ဇွန်လ ၁၇၊ ၂၀၁၃။ အီးယူ ဥရောပသမဂ္ဂရဲ့ အထူးကုန်သွယ်မှုအခွင့်အရေး GSP အဆင့်အတန်းကို မြန်မာနိုင်ငံကို ပြန်လည် ပေးအပ်လိုက်ပါပြီ။ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကြောင့် ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် အထူးကုန်သွယ်မှုအခွင့်အရေးကို အီးယူ ဥရောပသမဂ္ဂက ယာယီ ရုပ်သိမ်းထားတာပါ။ ဒါပေမယ့် ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ကနေ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်မှုရနေပြီလို့ အစီရင်ခံစာထွက်လာပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံကို GSP အဆင့်အတန်းပြန်ပေးဖို့ ဥရောပသမဂ္ဂက ပြန်လည်စဉ်းစားခဲ့ပါတယ်။

အခုလို ဥရောပသမဂ္ဂရဲ့ GSP အထူးကုန်သွယ်မှုအခွင့်အရေးဟာ မြန်မာ့စီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်ပါသလဲဆိုတာ မြန်မာ့စီးပွားရေးပညာရှင် ဦးဇော်ဦးနဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးဝင်းကြိုင်တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီသတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။