ပညာရေးပြုပြင်ပြောင်းလဲမှု အလားအလာနဲ့ စိန်ခေါ်ချက်

Rangoon University

အောက်တိုဘာ ၁၃၊ ၂၀၁၂။ ပညာရေးစနစ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်အရေးဖြစ်ပါတယ်။ စီးပွားရေးရော လူမှုရေး ဖွံဖြိုးတိုးတက်မှုတွေအတွက် လူ့အရင်းအမြစ်စွမ်းအားတွေ မွေးထုတ်ရာ ပညာရေးကဏ္ဍဟာ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ စတင်တဲ့အချိန်မှာ အပြောင်းအလဲလိုလားသူတွေဖက်က တန်ဖိုးထား ပြောဆိုလာကြပါတယ်။ တဖက်မှာ အာဏာပိုင်တွေဖက်က ဆောင်ရွက်ချက်အပေါ် အားမလို အားမရ ဖြစ်သူတွေလည်းရှိပါတယ်။ ဒါပေမယ့် လူမှုအဖွဲ့အစည်းအခြေခံတွေနဲ့ လူတိုင်း ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် လုပ်လာမယ်ဆိုရင် လက်တွေ့ဖြစ်နိုင်ချေတွေရှိတယ်လို့လည်း ယူဆကြပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလားအလာကောင်းနဲ့ စိန်ခေါ်ချက်တွေအကြောင်း အခု သီတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာဟောင်း ဒေါက်တာတင်မောင်သန်း၊ ပညာရေးဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာသိန်းဝင်းတို့နဲ့ ဆွေးနွေးထားပါတယ်။