ကမ္ဘာတဝှမ်းက ပတ်ဝန်းကျင်ဆိုင်ရာ
ဝန်ကြီးများဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီ
ကျွန်းက ကုလသမဂ္ဂ ဦးဆောင်ကျင်းပတဲ့
ရာသီဥတုညီလာခံမှာ ၂၀၁၂ ခုနှစ်
နောက်ပိုင်း ကမ္ဘာ့ပူနွေးမှု လျော့ကျစေရေး
အတွက်လမ်းညွှန်ချက်တွေချမှတ်ဘို့
သဘောတူခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့ ဘာလီအဆင့်မြင့် ဆွေးနွေးပွဲအဖွင့်မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်
ဘန်ကီမွန်းက ဝန်ကြီးများအနေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်
သစ်အတွက် ဆွေးနွေးဘို့၂၀၀၉ ခုှနှစ်ကို နောက်ဆုံးထားသတ်မှတ်ကြဖို့ ဆော်သြခဲ့
ပါတယ်။
သြစတေးလျဝန်ကြီးချုပ် ကယ်ဗင် ရဒ် ကလည်း ၁၉၉၇ ခုနှစ် ကျိုတို ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ သြစတေးလျနိုင်ငံရဲ့ စာတမ်းကို
အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို ပေးအပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က အစိုးရတွေအနေနဲ့ ရာသီဥတု
ပြောင်းလဲမှုအတွက် လမ်းပြအဖြစ် ခေါင်းဆောင်ပြရမှာဖြစ်ပြီး တကယ်လို့ ဒီတာဝန်
မကျေခဲ့ရင် အနာဂတ် မျိုးဆက်သစ်တွေကို သစ္စာဖေါက်ရာရောက်လိမ့်မယ်လို့
ဗုဒ္ဓဟူးနေ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။