ခရစ်တော်ဖွားမြင်ရာအရပ် Bethlehem တွင် ခရစ္စမတ်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ

ခရစ္စမတ်ပွဲတော်အခါသမယကို ဆင်နွှဲဖို့ ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်း
ခြေက Bethlehem မြို့ကို ခရစ်ယာန်ဘာသာ
ဝင်တွေ ထောင်နဲ့ချီပြီး စုဝေးသွားရောက်ခဲ့
ကြပါတယ်။ ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်၊
စိတ်ချမ်းမြေ့ဖွယ် ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲ
ခဲ့ကြတယ်လို့ Bethlehem မြို့ကနေ ဗွီအိုအေ သတင်းထောက် Robert Berger သတင်းပေး
ပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေး
ထားပါတယ်။

ကမ္ဘာတဝန်းက ခရစ်ယာန်ဘုရားဖူးတွေဟာ ခရစ်တော်ယေရှုဖွားမြင်ရာနေရာလို့ ယုံကြည်
ရတဲ့ Nativity ခရစ်ယာန်ဘုရားကျောင်းတော်ကြီးရဲ့ ရှေးဟောင်းလှိုဏ်ဂူအတွင်းမှာ
စုဝေးခဲ့ကြသလို တခြားဘုရားဖူးတွေကလည်း Manger Square လို့ခေါ်တဲ့ နွားတင်း
ကုပ်ရင်ပြင်တဝိုက်မှာ ခရစ္စမတ် ဓမ္မတေးဂီတတွေကို သီဆိုခဲ့ကြပါတယ်။

အမေရိကန်ပြည်နယ်တခုဖြစ်တဲ့ အိုင်အိုဝါဇာတိသား David Bogenreif ကတော့
Bethlehem ကို ဘုရားဖူးရောက်နေတာ ဖြစ်ပါတယ်။
“ဒီမှာရောက်နေတာ သိပ်ကို စိတ်ချမ်းသာမိပါတယ်။ ကမ္ဘာပေါ်မှာ Bethlehem
ဆိုတာ ဒီတနေရာတည်းရှိတာပါ။ ခရစ်တော်ယေရှု ဖွားမြင်တော်မူရာနေရာ ဖြစ်ပါ
တယ်။ နိုင်ငံရေးကွဲပြားတာ၊ လူမျိုးခြားတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင်ကို
ကျနော်တို့အားလုံး ချစ်မြတ်နိုးကြပါတယ်။ ဒီကိုလာနိုင်တဲ့အတွက်လည်း သိပ်ကို
ပျော်မိပါတယ်” လို့ David Bogenreif က ပြောသွားပါတယ်။

တကယ်တော့ Bethlehem မှာ ကမ္ဘာလှည့်ခရီးသွားတွေဆီကရတဲ့ ဝင်ငွေကို အားကိုး
နေရတာ ဖြစ်တဲ့အတွက် မြို့ခံပါလက်စတိုင်းသားတွေကလည်း စီးပွားရေးဝင်ငွေ
ကောင်းတော့ သိပ်ကို အကျေနပ်ကြီး ကျေနပ်နေကြတာပေါ့။

Nadia Hazboun ဟာ နွားတင်းကုပ်ရင်ပြင်မှာ အရောင်းဆိုင်ဖွင့်ထားသူတဦး ဖြစ်ပါ
တယ်။ သူ ဗွီအိုအေကို ပြောပြခဲ့တာကတော့ …
“ဒီနှစ်မှာ စီးပွားရေးက ပိုကောင်းတယ်လို့ ဆိုရမှာထက် အခုထက်ထိတော့ အကောင်း
ဆုံးပဲလို့ ဆိုရမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကလည်း များမှများ၊ အားလုံးကလည်း အေးအေးဆေးဆေးဆိုတော့ သိပ်ကိုကောင်းတာပေါ့ရှင်” လို့ ပြောသွားတာဖြစ်ပါ
တယ်။

လမ်းမတွေပေါ်မှာတော့ လုံခြုံရေးကို တိုးချထားပြီး ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်
ထားတဲ့ ပါလက်စတိုင်းရဲတွေက ကင်းလှည့်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်
ပြည်နယ် အီလီနွိုက်ကနေ ရောက်နေတဲ့ Jennifer Goodman ဆိုတဲ့ ဘုရားဖူးက
တော့ ဒီလိုကင်းလှည့်နေတာတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ပုံ မပေါ်ပါဘူး။
“ဒါဟာ စစ်ဖြစ်ခဲ့တဲ့နေရာဆိုတော့ သတိထားနေရတဲ့ အခြေအနေမျိုး ဖြစ်မှာပါ။
လိုအပ်ရင်လည်း လူအုပ်ကြီးကို ထိန်းပေးနိုင်ဖို့ အခုလိုကင်းလှည့်နေကြတာ ထင်ပါ
တယ်” လို့ ပြောသွားတာပါ။

အနောက်ဘက်ကမ်းခြေမှာ အကြမ်းဖက်မှုအခြေအနေဟာလည်း တိတ်ဆိတ်နေ၊
အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာလည်း ပြန်အသက်သွင်း
ဆိုတော့ နှစ်ပေါင်းများစွာအတွင်း ဒီနှစ်မှာတော့ Bethlehem ကို ခရစ္စမတ်ကာလမှာ
ဘုရားဖူးတွေ အများဆုံးလာရောက်နိုင်တဲ့နှစ်လို့ ဆိုရမှာပါ။